Wednesday, July 31, 2013

ပြင်ဂလန် ခရီး


“ ဒကာကြီး, ကျောင်းလေး မိုးချင်လို့ပါ“
အယ်….အိမ်ရှေ့မတ်တတ် သပ်ရပ်သူမို့ တောထွက်လည်း မဟုတ်တန်ရာ…
အထာကျန အခုမှ စတာလည်း မဟုတ်….
ဟန်ကျ ပန်ကျ တောင်းခြင်းမျိုး…
အိမ်စဉ်မကျော် အရဆော်မည့်ပုံ…..။

လက်အုပ်နဲ့ တစ်ရာ နှစ်ရာ, တန်တာပဲ ရမှာပေါ့…..
ပြင်ထားသမျှ အထင်အရှားမှ မပြနိုင်တာလေ….။
သမ္မတကြီး ခရီးစဉ် အထူးအောင်မြင်ပါသည်။

(၂၀. ၀၇. ၂၀၁၃ နေ့တွင် ဥရောပမှ ပြန်ရောက်လာသော သမ္မတကြီးကို ဂုဏ်ပြုသောအားဖြင့်)

ကိုနော
၂၀. ၀၇. ၂၀၁၃ ။


Thursday, July 11, 2013

အိမ်အပြန်



မြင်းစီးပြီး ခရီးထွက်ခွာ
အခုတော့
မြင်းက ကိုယ့်အပေါ်မှာ....။


ကိုနော