ကိုးကြိမ်မြောက်လေပြပွဲကြီးကို နေပြည်တော်၌ ကျင်းပလျက်ရှိသည်။
အဆင့်အတန်းမီလေမျိုးစုံကို အားပါးတရခင်းကျင်းပြသနေကြပြီး
အချဉ်ထုပ်များရောင်းအားကောင်းလျက်ရှိသည်။
ထိုပြပွဲ၌ အားကိုးလောက်သူဟု အထင်ခံရသော ဒေါ်စုကြည်က
" မိမိသည် သာမန်အဆင့်သာရှိသူဖြစ်ကြောင်း၊
မိန်းမပီသသော မုဆိုးမတစ်ဦးသာဖြစ်ကြောင်း " ထုတ်ဖော်ပြသလျက်ရှိသည်။
အတိတ်မကောင်းကြသူများကလည်း တံဆိပ်ပြောင်းကပ်ကြဖို့ ကြိုးစားလျက်ရှိသည်။
ကိုနောအနေဖြင့်မူ အပြောလေးတွေလျှော့ပြီး တတ်နိုင်သလောက်လေး
လက်တွေ့လုပ်ပြကြဖို့ တိုက်တွန်းလိုပါသည်။
ကိုနော
30.01.2014