Friday, August 16, 2013

သစ်ပင်


 
ဖူးပွင့် ဝေဆာ
စိမ်းစိုကာတည့်
ဘယ်ခါ ရှိမည်
မသိနိုင်ပေ…..။

ပွင့်ကြွေ ရွက်ဟောင်း
ခြောက်သယောင်းထ
မလှ ဘယ်ခါ
မသိပါတည့်…..။

အို ငှက်ကလေးတို့ရေ…..
ငါ့ကိုင်းခက်ဖျား
သင်တို့ နား၍
ကစား ပျော်မြူး
တေးသံကျူးမည့်
ကြည်နူးလင်္ကာ
ဘယ်ခါသာပိမ့်
စိုးထိတ်ထိတ်တည့်……။

ကိုနော
20. 7. 2013