Sunday, July 20, 2014

ငြိမ်းချမ်းရေး


ကမ္ဘာကြီးမှာ
ချစ်တဲ့စကားသာ ဆိုကြစေ
စစ်မက်ပွားတာ မလိုလားပေ...
သေဆုံးမှုများ မလိုလား
ချစ်ခြင်းတွေ ဝေလှိုင်
ချမ်းသာစွာ နေထိုင်ပြီး
ရင်းနှီးခင်မင် ရှိစေချင်တယ်လေ....။

လူ့မြေကို နတ်ပြည်ဖန်တီးဖို့
ဘုရားသခင်က လူကို ဖန်ဆင်းထားတယ်
ဒါပေမယ့်...လူတွေက
မြေပြင်ကို ဖြတ်ပိုင်း
အသစ်သစ် နိုင်ငံထောင်
ကိုယ့်သြဇာ သွတ်သွင်း
ဇွတ်အတင်း ဝေငှနေကြတယ်
လူ့အနွယ်ကို ချေမှုန်းမယ့်
အပြင်းစား လက်နက်တွေ
ထွင်ပြီးရင်း ထွင်နေကြတယ်....။

ဘာသာများရဲ့ အရင်းမြစ်က တစ်ခုတည်းဖြစ်ပေမယ့်
လူသားတွေကို ကယ်တင်ဖို့
ဘာကြောင့် တစ်ခုတည်း မဖြစ်နိုင်ရတာလဲ......။

ငါတကောတွေ ပျောက်ပျက်ဖို့ မလွယ်ဘူး
လက်နက်တွေ ဖျောက်ဖျက်ဖို့ မလွယ်ဘူး
လူသားအမျိုးနွယ် ပျောက်ကွယ်သွားလိမ့်မယ်
ပူဆွေး ငိုကြွေး မျက်ရည်ဖွေးဖွေး
ကမ္ဘာတစ်လွှား စီးသွားရလိမ့်မယ်.....။

အချိန်တန်ပြီ.....
ကိုယ်တိုင်နားလည်ဖို့ အချိန်တန်ပြီ
လက်နက်တွေပယ်
ကမ္ဘာကြီးကို ကယ်တင်ဖို့ အချိန်တန်ပြီ
ငြိမ်းချမ်းရေးကို ကိုယ်တိုင် ဖန်ဆင်းကြ

ပျက်စီးသွားမှာ မလိုချင်
ဆက်ကြီးပွားတာ ခုံမင်တယ်
စစ်မီးကိုပယ် အချစ်ကြီးတာကိုပဲ လိုချင်တယ်......။

                   
                                                                                     ကိုနော
                                                                             ၂၀. ၀၇. ၂၀၁၄




No comments:

Post a Comment