Saturday, April 7, 2012

ကုသိနာရုံ


ဒိန္နရဲ့ အလှူ
မထုရာမှော်အစွမ်း
သူမတူ အံ့မခန်းပါပဲ…
မြောက်ဘက်လျောင်း တစောင်းဟန်
အဲဒါ ပရိနိဗ္ဗာန်ပေါ့….။

ဖွား ပွင့် ဟော စံ ၊ လေးတန်ရုပ်ပွား
အချိန်က စားတော့ အဟောင်းပေါ့ဗျာ.....
ရှေးဟောင်းကျလေ ဈေးကောင်းရလေမို့
စုတ်စုတ် ကွဲကွဲ ပြဲပြဲ ပုပ်ပုပ်
လူလုပ်ထားသမျှ အတူထုတ်ပြသွားရမှာပေါ့….နော…။

`ဇာတိကိုဆန်
အသက်ကြီးပြန်
ခရီးဒဏ် ပန်းတာကြောင့်
အင်းကြင်းကိုရှာ
မီရာကို အဖေါ်ပြုမိတယ်ကွယ့်
မင်းတို့ တောရွာ´တဲ့
ဗုဒ္ဓမိန့်မှာ ဟောဒီမြို့ရဲ့ စာမျက်နှာပေါ့ ။

ဖြူနီပြာ လူသား
အပါယ်မသွားဖို့ ရွယ်ရည်
အချိန်မီ ဖူးကြပါသတဲ့....
အပါယ်ပိတ်ကြောင်း ဆုတောင်းရင်
တကယ်စိတ်ကောင်း စုဆောင်းစေချင်တယ်…..။

ကိုယ်လည်း လူသား
အပူတားဖို့ ရည်မျှော်
ပူဇော်လို့ အားထား
ဟန်ပါပါ ကန့်တော့ချိုးဖြင့်
ဩကာသပြီးသကာလ
ဟယ်….သူငယ်ချင်း ရေ...
နေမမြင့်မီ
လုမ္ဗနီ(လုမ္ဗိနီ)သွားကြဦးစို့ကွယ်…..၊
တရားထူး မတွေ့ကြသရွေ့
ဘုရားဖူးဓလေ့ ထွန်းကားနေဦးမှာပါ့လေ…..။




No comments:

Post a Comment