Monday, January 23, 2012

ယာယီဈေး

အစိမ်းရောင် စီးပွားရေး
စင်္ကာပူညီတော်
ဆင်းရဲမှု ပပျောက်ရေး
သန့်ရှင်းသော အစိုးရ
ကောင်းမွန်သော အုပ်ချုပ်ရေး
လူ့အခွင့်အရေးကော်မရှင်
အဲယားကွန်းဝေါဟာရများ
ဟောဒီဈေးထဲ မတွေ့ရသေး…။
ဝေါဟာရ လှလှ
ဘယ်တော့များ သုံးလုံးတစ်ရာ ရနိုင်ပါ့မလဲ…။

သင်္ဃန်းကျွန်းဈေး အပြေးကလေးနဲ့ လိုက်နှင့်ပြီတည့်
ဟိုဈေး ဒီဈေး သတင်းကလေး မွှေးနေပြီတည့်
ဟောဒီဈေးပေါ့…..
ယာယီဘဝနဲ့ မြန်မာပီပီ လှပလာခဲ့တာ
မင်းကိုနိုင်တောင် အခေါက်ခေါက်ပြန်ရောက်လို့….။
အခုတော့ဖြင့်…..ခေတ်မီမီးဘေး ဘယ်လိုပြေးကြမလဲ
ဈေးတွေ ခေတ်မီစေဖို့
မီးနဲ့ ကူတတ်တယ်မို့လား…။
စည်ပင်တွေ အမှန်သိတတ်ဖို့
ပင်စည်ကို အမြန်ဖိညှပ်ကြစို့လေ….။











No comments:

Post a Comment