`ဟဲလို.....ဆရာနော လား´
`ဟုတ်´
`ဆရာက ဖုန်းဆက်ပါဆိုလို့´
`ဟုတ်တယ် ဟေ့....၂၈ မှာ ဘန်ကောက်ရောက်မယ်´
`ဟုတ်လား ဆရာ´
`မင်းတို့ဆီမှာ အေးအေးဆေးဆေးရှိရဲ့လား.....ရှပ်ဖြူတွေ, ရှပ်နီတွေ ကြားနေရလို့´
`ဟုတ်တယ် ဆရာ....ဆန္ဒပြနေကြတယ်....၁၃ ရက်နေ့မှာ ဘန်ကောက်တစ်မြို့လုံးကို ပိတ်ပစ်မယ်လို့ ကြေငြာထားတယ်´
`အေး...အေး...မင်းတို့လည်း လွတ်အောင်နေကြပေါ့´
`ဟုတ်ကဲ့ ဆရာ....တည်းဖို့ ခိုဖို့ ဘယ်လို စီစဉ်ထားရမလဲ.... ကြယ်ငါးပွင့်လား.. .လေးပွင့်လား... သုံးပွင့်လား ဆရာ´
`ဈေးကကော ဘယ်လိုနေလဲ´
`ဆရာရေ....ငါးပွင့်က...ဘတ် ၃၁၀၀...လေးပွင့်က.....ဘတ် ၂၂၅၀....သုံးပွင့်က...ဘတ် ၁၇၀၀ ရှိတယ်´
`ဟိုက် များလှချည်လား ကွယ်´
`ဆရာက ဘယ်လောက်တန်လောက် မှန်းထားလဲ´
`အလကားတန်လောက်ကို မှန်းတာ ငါက´
`ဒါဆိုလည်း ဖြစ်တယ် ဆရာ´
`လုပ်ပါဦး ဟ´
`၀ပ်တစ်လုံးကိုသာ ကြွပေတော့ ဆရာရေ့´
`ကောင်းပါလေ့.....ဦးဂန္ဓကို မဖူးရတာလည်း ကြာနေပြီ´
`သာဓုပါ ဆရာရေ...ဘုန်းဘုန်းကျောင်းပဲ ကောင်းပါတယ်´
`အေးလေ....သင့်သလိုပေါ့လေ...အဟွတ်....ဟွတ်´
ကိုနော
၂၉. ၀၁. ၂၀၁၄
No comments:
Post a Comment