Wednesday, June 20, 2012

ဆရာအဖြစ်မှ စွန့်လွှတ်ခြင်း

 
နေသာသော တစ်ညနေတွင် ငါးတန်းတက်နေသော တစ်ဦးတည်းသောသားလေးနှင့်အတူ မိသားစု
 လမ်းလျှောက် ထွက်ကြသည်၊ တစ်နေရာတွင် အစ်မကြီးတစ်ဦးက သားလေးကို လှမ်းကြည့်နေသဖြင့်…..
သား…..ဟို အစ်မကြီးကို သိလား သားကို ကြည့်နေတယ်
သိသားပဲ…တစ်တန်းတုန်းက ဆရာမလေ
ဆရာမဆိုရင် နှုတ်ဆက်လိုက်လေ
နှုတ်ဆက်ချင်ပါဘူး
ကိုယ့်ဆရာမပဲ သားရယ် နှုတ်ဆက်ရမှာပေါ့
ဘယ်နှုတ်ဆက်ချင်ပါ့မလဲ ရှင်ရယ်….တစ်တန်းတုန်း သားကို ရိုက်လိုက်တာများ…ရှိုးတွေ အထပ်ထပ်ပဲ… ကျုပ်မှာ မျက်ရည် တောက်တောက်ကျတယ်….အဲဒီတုန်းက ကျောင်းတောင် ထုတ်ပစ်လိုက်ချင်တာ… သိပ်စိတ်နာဖို့ကောင်းတဲ့ ဆရာမ…ကလေးနဲ့ မတန်အောင်ရိုက်တာ သိလား….ရှင် စိတ်မကောင်းဖြစ်မှာစိုး လို့ ပြောမပြတာ….၊
ဘာဖြစ်လို့ ရိုက်တာလဲ
အတန်းထဲမှာ ဆော့လို့
အတန်းထဲ ဆော့ရင်တော့ ရိုက်ခံရမှာပေါ့….တစ်ယောက်တည်းလား….
ဟုတ်ဘူး…..ဆယ်ယောက်လောက်ရှိမယ်
တော်ရုံ ရိုက်ရင် ရတာပဲ ရှင်ရယ်
ဆယ်ယောက်က သားတို့ အတူတူဆော့တာလား
ဟုတ်ဘူး…..အားလုံး ဆရာမဆီမှာ ကျူရှင်မတက်တဲ့ သူတွေချည်းပဲ….
သားက အခြားဆရာမတွေကို နှုတ်ဆက်ပါတယ်…. အဲဒီ တစ်ယောက်ပဲ နှုတ်ဆက်ခိုင်းလို့မရတာ….၊

(ကိုနောက လူကြီးပီပီ သွန်သင်လိုက်ရသည်)
သား….အဲဒီ ဆရာမကို စိတ်နာနေလား
အင်း…..
သားရေ….ဒီလိုပါပဲ ဆရာဆိုတိုင်း အကောင်းချည်းတော့ မဟုတ်ဘူး….မတရားဘူးထင်ရင် ဘယ်တော့မှ မေ့ မပစ်လိုက် နဲ့…….ကြားလား…..။
ဟုတ်……၊

No comments:

Post a Comment