Friday, June 29, 2012

ကံကောင်းတဲ့ ကိုယ့်မိန်းမ

သားက (၂၅၀၀)တဲ့ ယောင်္ကျားရေ….
ဘာအတွက်လဲ
အ.ထ.က(၂) သင်္ဃန်းကျွန်းဆိုတဲ့ တံဆိပ်လေး ဝယ်ရမယ်တဲ့….
တံဆိပ်ဖိုးက လွန်လှချည်လားကွာ
ကျောင်းအုပ်ကြီးရဲ့ ရိုက်ကွက်တွေပေါ့…..
ဆရာမတွေကလည်း စာက မသင်ရသေးဘူး….ငွေညှစ်တာက အရင်
သူတို့လည်း သနားပါတယ်…..
ကျောင်းအပ်တုန်းကလည်း ပေးရသေးတယ် မဟုတ်လား
ကျောင်းအပ်တုန်းက  နည်းပါတယ်…..(၁၅၀၀)တည်း…..စီမံချက်နဲ့မို့တဲ့….ဒါပေမဲ့ အခန်းပြောင်းခကတော့ (၁၀၀၀၀)တောင် ပေးခဲ့ရတယ်….ကျောင်းအုပ်ကြီး ပင်စင်ယူတော့မှာမို့လို့တဲ့…..
လွန်လွန်းတယ်ဗျာ
ကျောင်းအုပ်ကြီးက ဒီရာသီမှာ သိန်းတစ်ရာ မှန်းထားတာတဲ့….
ဟုတ်ပါ့မလား မိန်းမရာ
ရှင် ဘာသိလို့လဲ….ကျုပ်သူငယ်ချင်းဆရာမ ပြောပြတာ…..အဲဒါတွေက သူတို့ မရဘူးတဲ့…. ကျောင်းအုပ်ကြီးတစ်ယောက်တည်း ဝိုက်တာတဲ့….တစ်လောက အတိုင်ခံရသေးတယ်လေ….

တိုင်သင့်တာပေါ့….တိုင်တော့ ဘာထူးလာလဲ
ဘာမှ မထူးသေးဘူး…..လာလိမ့်ဦးမယ်….တစ်လ တစ်မျိုး…..
ဒါဟာ ကလေးသူငယ် အကြမ်းဖက်မှုတစ်မျိုးပဲဗျ
အဲဒါတွေ ကျုပ် မသိဘူး…..ကလေးအတွက်ဆိုတော့ ပေးနေရမှာပဲ….
ဒါကတော့ ဒါပေါ့လေ…..အရင်က ကျောင်းဆရာ/ဆရာမဆို သိပ်လေးစား အထင်ကြီးတာ…..အခုတော့  စဉ်းစားစရာပဲ
တော်သေးတယ် ယောင်္ကျားရေ…ငယ်ငယ်က ဆရာမ သိပ်ဖြစ်ချင်တာ….အဖေက မလုပ်ခိုင်းလို့…. အမေ့နောက်လိုက် ပြီး ဈေးရောင်းရင်း ဈေးသည်ဖြစ်လာတာ အများကြီး ကံကောင်းတယ်….
အင်းလေ…..ကျုပ်တို့ မြန်မာပြည်မှာ လိုင်စင်ရ ဓားပြတွေက များသားပဲဗျာ…. ဘယ်တတ်နိုင်မလဲ ခံကြရဦး မှာပေါ့…. နော




ခရီး

ဘာကြောင့်ပဲဖြစ်ဖြစ်
ဒီလောက်လျှောက်ခဲ့ပြီးမှတော့
နောက်ပြန်မလှည့်သင့်တော့ဘူး…..၊
ဝေးသေးလား…?
ဆက် လျှောက်….
ပန်းတိုင်ကို သွားရမှာလား….?
သွားနေရတာက ပန်းတိုင်လား….?
စံ-ဇာဏီဘို ဘယ်မှာလဲ ဟေ့…။

ဒါနဲ့……ငါ့ခရီးက….
ပြန်လှည့်နေတာလား…..?
ပြန်လည်နေတာလား….?
ကိုယ့်ကိုယ်ကို စောင့်ကြည့်ဖို့
လူတစ်ယောက်ငှားရဦးမယ်လေ….။

အပင်အို

မင်းလေးက ကိုယ့်အိပ်မက်ပေမယ့်
ကိုယ့်ဆီ မလာချင်ပါနဲ့
မခေါ်ရက်ဘူး…။

ပျံလိုက်ပါ အသာအယာ…
မဟန်တာ မငေးနဲ့
တန်ရာသာ တွေးပေါ့ကွယ်
ငှက်ကလေးရေ
သင့်တော်ရာ သွား, အမြင့်ပေါ်မှာ နားလိုက်စမ်းပါ့
အပိတ်အပင် ကင်းကင်း
စိတ်အစဉ် ရှင်းရှင်းနဲ့ပေါ့…။

ပျံလိုက်စမ်းပ….
ဟိုမှာ မြိုင်စခန်း….
အဝင်လမ်းက ကြိုဆို
နေမညိုခင် ရောက်လိမ့်….။
ဒီမှာက
ခဏတာ အရိပ်လှပေမယ့်
တစ်ဘဝစာ စိတ်မချရလို့ပါ…။

Tuesday, June 26, 2012

အမည်မဖော်လိုသူ ဒေါ်မိမိလေး

 (သားလေး လေးတန်း တက်တုန်းက ဖြစ်သည်၊)
ယောင်္ကျားရေ…..သားကို ကျူရှင် ပြောင်းမှ ဖြစ်တော့မယ် ထင်တယ်၊
ဘာဖြစ်လို့လဲ….ကျူရှင် မကောင်းလို့လား
မဟုတ်ဘူး…..ကျောင်းမှာ နေ့တိုင်း အရိုက်ခံနေရတယ်တဲ့
စာ မရလို့လား
တစ်ကြောင်းမဟုတ် တစ်ကြောင်းကြောင့်ပေါ့….ကလေးပဲဟာ ရိုက်မယ်ဆို ရိုက်စရာချည်းပေါ့ ဟဲ့…
ဘယ်ဆရာမက ရိုက်တာလဲ
အတန်းပိုင် ဒေါ်မိမိလေး
ဒေါ်မိမိလေးကို မိန်းမ သိတယ် မဟုတ်လား
သိလို့ပဲ သူ့ဆီ ကျူရှင် မအပ်တာပေါ့
အတန်းပိုင်ဆီ အပ်မှ ကလေး သက်သာမှာလေ
ထီးတစ်ချောင်း သွားပေး ပြီးပြီ…..သူက အတန်းပိုင် ဝိတ်နဲ့ ဖိချင်တာ….ကျူရှင် လက်ခံပြီး စာကောင်း ကောင်း မသင်ဘူး…သူဆီ အပ်လည်း နောက်ကျူရှင်ထားရဦးမှာပဲ….သူက သင်္ချာနဲ့ အင်္ဂလိပ်စာ မသင်ဘူး၊
ဟ….ဒါဆို ဘာသင်ဦးမှာလဲ
ဒါကြောင့် ပြောတာပေါ့….ကျန်တာတွေကျတော့လည်း သူ့သမီးနဲ့ သင်ခိုင်းတာ….၊
လူပါးဝလိုက်တာ….ဒီအချိန်ကြီးကျမှ ကိုးလိုးကန့်လန့်ကွာ
ကျူရှင်နှစ်ခုကျပြန်တော့ မတတ်နိုင်ဘူး ယောင်္ကျားရေ….ကလေးလည်း နားရမှာ မဟုတ်ဘူး….စာကို ငြီး ငွေ့သွားမှာတောင် စိုးရတယ်…၊
ဒီနှစ်တော့ ထားလိုက်တော့…..သားကိုပဲ ချော့ထားရမှာပေါ့…နော..
စောင့်ကြည့်ဦးမယ်…..တရားလွန်လာရင်တော့ ထိုင် ကြည့် မနေဘူး…

ကျောင်းဖွင့်စတွင် ဆရာမများ ပညာပြတတ်သည်၊ သူတို့ဆီ ကျူရှင်အပ်လာအောင် နည်းစုံ သုံးတတ်သည်၊ သူတို့ ပစ်မှတ်မှာ…သူတို့ဆီ ကျူရှင်မအပ်သော အိမ်က ဂရုစိုက်သော စာသိပ်မတော်သော ကလေးများ ဖြစ် သည်၊ ကိုနော သားလေး အပါအဝင်ဖြစ်သည်၊ ဒေါ်မိမိလေး၏ ဗျူဟာတစ်ခုက စိတ်ဝင်စားစရာကောင်း သည်၊
(နေ့တိုင်း သားလေး ပြောပြသည်ကို ကောက်ချက်ဆွဲထားခြင်း ဖြစ်သည်၊ မလိမ်တတ်သော ကလေးမို့ အား လုံး မမှန်တောင် အားလုံး မလွဲနိုင်ပါ)
ဒေါ်မိမိလေးသည် ကျောင်းဖွင့်စတွင် သူ့လက်သံပြောင်ကြောင်း ပြသ၍ ခြောက်ထားလိုက်သည်၊ သိပ်မကြာ ခင် သူ့ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်လိုက်သည်၊ ကျောင်းတွင် အာဟာရကျွေးသောအခါ သူပစ် မှတ်ထားသော ကလေးများကို ထရပ်ခိုင်းသည်၊ အခြားကလေးများကို တတ်နိုင်သလောက် လှူနိုင်ကြောင်း ပြောပြီး ပစ်မှတ်များကို တစ်သောင်းစီ အလှူခိုင်းသည်။ အိမ်က တစ်သောင်း များကြောင်း ပြောသောအခါ သားလေးက ဒေါ်မိမိလေး လှူခိုင်းတာမို့ လှူမှ ဖြစ်မယ်ဟု ငိုရှာသည်၊
ငိုမှာပေါ့…သားလေး ကြောက်နေသည်ကိုး….ကြောက်မှာပေါ့….ခြောက်ထားတာကိုး…။

ကိုနောက လမ်းညွှန်ချက်ပေးလိုက်သည်။
ဒီတစ်ခါ ရှိစေတော့….တစ်သောင်း ပေးလိုက်….နောက်နောင်ဆိုရင် ဘယ်လောက်တောင်းတောင်း ….. အိမ်ကို မေးဦးမယ်လို့ ပြော….ကြားလား….သား…။
ဟုတ်ကဲ့….။

ဒီနှစ် ဘယ်လိုလာမလဲ…စောင့်ကြည့်ရပေဦးမည်။
ပုဂ္ဂလိကကျောင်းတွေ ပေါ်လာပြီဆိုတော့ နောင်နှစ် အဲဒီမှာ ထားဖို့ စဉ်းစားရပေမည်၊ ကျောင်းလခတွေလည်း သိပ်မ ဆိုးလှ၊ ကျူရှင်လည်း ထားစရာမလို၊ အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်တာ လည်း မခံရတော့၊ ဆရာမတွေကိုလည်း ဖား နေစရာ မလို၊ စာ ပိုတော်မလာတောင် လူကြီးရော ကလေးပါ စိတ်ချမ်းသာလိမ့်မယ်….ထင်တာပဲလေ….နော…။

အချစ်ဖလား


အလှမ်းမမီတာ ဝမ်းမနည်းဘူး….
ကိုယ်ကမှ ကြံ့ခိုင်မှု မပြည့်တာ….။
`အားနည်းသူ လမ်းဖယ်စတမ်း´ခေတ်မှာ
မင်းရွေးတာ မျှတပါတယ်လေ…။

မင်းအချစ်ကို ဆွတ်ခူးမယ့်
လူတော်ကို အားပေးဖို့
ငါ့လက်တစ်စုံ
တခုပ်တရ ဆေးကြောထားတယ်….။
လုပ်ပွဲ ဟုတ်/မဟုတ်
မင်းပဲ သိလိမ့်မယ်….။

စိုးရိမ်မိတယ်….
ထည်ဝါမှုရဲ့ သင်္ကေတ ဖြစ်ရတော့မယ့်
မင်းအတွက်…..။

ယုံလိုက်….
နောင်တစ်ကြိမ်ပြိုင်ပွဲ
ကိုယ် ဗိုလ်စွဲရစေ့မယ်…
နောက်ပြီး… ကိုယ့်ရင်ခွင်ဟာ
ဧည့်ခန်းတစ်ခု မဖြစ်စေရဘူးကွယ်….။

နှင်းဆီဖြူ


 
 ရဲမှ နှင်းဆီခေါ်ကြလေမလား…?
မတူနိုင်တာကို နားလည်ပေးပါ…၊
သင်းတို့လိုပါပဲ…..
ရှင်သန်ဖို့ အကြင်နာတွေ မျှော်လင့်ဆဲပါ….။

ကိုယ့်မှာလည်း
အပွင့်ချပ် အစုံအလင်
လက်နက်တွေ တပုံတပင်ပါလေ….၊
အလှအပအကြောင်း
ဇာချဲ့ မပြောချင်
သင်းတို့ပေးတဲ့ အမှတ်အတိုင်းရှိစေ…..။

ပွင့်မိချေပြီ…..
မပန်ချင်ရင် ခေါင်းတွေရွှေ့ထား….
ဆူးကြောက်ရင် ဒူးထောက်နေကြပေါ့….။
လူသားတို့ ဆန္ဒအတိုင်း
ဆူးများ ပန်းပွားဖြစ်စေသတည်း…
သို့မဟုတ်……..။

Wednesday, June 20, 2012

တော

 
ပန်းတိုင်း မမွှေးကြ
တောတိုင်း မအေးမြ….
လူမပြောနဲ့
တောကိုယ်တိုင် ခြစ်ခြစ်တောက်ပူလို့…..၊
အပူရှိန်တက်အောင်
လူတွေ ကလက်ကြနေတာများလား…။
သူ့ကြောင့် ငါ့ကြောင့် လက်ညှိုးထိုး
ခံကြရတာ တစ်ကမ္ဘာလုံး….၊

`အို….လူအပေါင်းတို့…
ငြီးတွားမနေကြနဲ့…
တားဆီးလို့မရတာ သေချာရင်
ကိုယ့်ကိုယ်ကိုသာ ကာကွယ်ကြလော့…´၊

ပူတယ်လည်း ဆိုကြသေး….
ကွန်ကရစ်တောထဲလည်း နေကြသေး….
အံ့ပါ့….ဒါလား မြို့ဆိုတာ…။

(၆ ၊ ၆၊ ၁၂)

ဆရာအဖြစ်မှ စွန့်လွှတ်ခြင်း

 
နေသာသော တစ်ညနေတွင် ငါးတန်းတက်နေသော တစ်ဦးတည်းသောသားလေးနှင့်အတူ မိသားစု
 လမ်းလျှောက် ထွက်ကြသည်၊ တစ်နေရာတွင် အစ်မကြီးတစ်ဦးက သားလေးကို လှမ်းကြည့်နေသဖြင့်…..
သား…..ဟို အစ်မကြီးကို သိလား သားကို ကြည့်နေတယ်
သိသားပဲ…တစ်တန်းတုန်းက ဆရာမလေ
ဆရာမဆိုရင် နှုတ်ဆက်လိုက်လေ
နှုတ်ဆက်ချင်ပါဘူး
ကိုယ့်ဆရာမပဲ သားရယ် နှုတ်ဆက်ရမှာပေါ့
ဘယ်နှုတ်ဆက်ချင်ပါ့မလဲ ရှင်ရယ်….တစ်တန်းတုန်း သားကို ရိုက်လိုက်တာများ…ရှိုးတွေ အထပ်ထပ်ပဲ… ကျုပ်မှာ မျက်ရည် တောက်တောက်ကျတယ်….အဲဒီတုန်းက ကျောင်းတောင် ထုတ်ပစ်လိုက်ချင်တာ… သိပ်စိတ်နာဖို့ကောင်းတဲ့ ဆရာမ…ကလေးနဲ့ မတန်အောင်ရိုက်တာ သိလား….ရှင် စိတ်မကောင်းဖြစ်မှာစိုး လို့ ပြောမပြတာ….၊
ဘာဖြစ်လို့ ရိုက်တာလဲ
အတန်းထဲမှာ ဆော့လို့
အတန်းထဲ ဆော့ရင်တော့ ရိုက်ခံရမှာပေါ့….တစ်ယောက်တည်းလား….
ဟုတ်ဘူး…..ဆယ်ယောက်လောက်ရှိမယ်
တော်ရုံ ရိုက်ရင် ရတာပဲ ရှင်ရယ်
ဆယ်ယောက်က သားတို့ အတူတူဆော့တာလား
ဟုတ်ဘူး…..အားလုံး ဆရာမဆီမှာ ကျူရှင်မတက်တဲ့ သူတွေချည်းပဲ….
သားက အခြားဆရာမတွေကို နှုတ်ဆက်ပါတယ်…. အဲဒီ တစ်ယောက်ပဲ နှုတ်ဆက်ခိုင်းလို့မရတာ….၊

(ကိုနောက လူကြီးပီပီ သွန်သင်လိုက်ရသည်)
သား….အဲဒီ ဆရာမကို စိတ်နာနေလား
အင်း…..
သားရေ….ဒီလိုပါပဲ ဆရာဆိုတိုင်း အကောင်းချည်းတော့ မဟုတ်ဘူး….မတရားဘူးထင်ရင် ဘယ်တော့မှ မေ့ မပစ်လိုက် နဲ့…….ကြားလား…..။
ဟုတ်……၊

Friday, June 8, 2012

မြန်မာစာအဖွဲ့သို့ အိတ်ဗလာ ပေးစာ

 
သို့/                                           
ညွှန်ကြားရေးမှူးချုပ်                                    
မြန်မာစာအဖွဲ့ဦးစီးဌာန                                    
ရန်ကုန်မြို့။                            
                                                                                                                             ၂၁ ၊ ၁၁ ၊ ၂၀၁၁ ။           
အကြောင်းအရာ။        ။ ခရီးဆောင်မြန်မာအဘိဓာန်နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း။
မင်္ဂလာပါ မြန်မာစာအဖွဲ့ကြီးခင်ဗျား။
ခရီးဆောင်မြန်မာအဘိဓာန်နှင့်ပတ်သက်၍ အနည်းငယ်ဆွေးနွေးခွင့်ပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ကျွန် တော်သည် မြန်မာစာအဖွဲ့မှ ပထမအကြိမ်ထုတ်ဝေသော ခရီးဆောင်မြန်မာအဘိဓာန်ကို ဆောင်ထားသည် မှာ ကာလအတန်ကြာခဲ့ပါပြီ။ ဤအဘိဓာန်၏ အားကိုးနိုင်လောက်သောကောင်းခြင်းအဖြာဖြာကို အထူးတင် ပြ နေစရာမလိုဟု ထင်မြင်ပါသည်။ ကျွန်တော်သည် ၀ါသနာအလျောက် ဟိန္ဒီစာပေကိုလေ့လာရင်း ဟိန္ဒီ မြန်မာအဘိဓာန်တစ်စောင် ပြုစုလျက်ရှိပါသည်။ ထိုဟိန္ဒီမြန်မာအဘိဓာန်၏ နောက်ဆုံးအဆင့်အနေဖြင့် မြန် မာစာထဲရောက်နေသော ဟိန္ဒီဝေါဟာရများကို ခရီးဆောင် မြန်မာအဘိဓာန်အကူအညီဖြင့် လေ့လာကြည့် သည့်အခါ ခရီးဆောင်မြန်မာအဘိဓာန်၌ အားနည်းချက်များကို တွေ့ရှိခဲ့ရပါသည်။
    
ခရီးဆောင်မြန်မာအဘိဓာန်၌ ဝေါဟာရများ၏ အရင်းအမြစ်ကိုပြရာတွင် အင်္ဂလိပ်ဝေါဟာရကို အင်္ဂလိပ်-အက္ခရာဖြင့်လည်းကောင်း၊တရုတ်မလေးထိုင်းဂျပန်စသောဝေါဟာရများကို ရိုမန်အက္ခရာဖြင့်လည်းကောင်း ပြထားပါသော်လည်း သက္ကတနှင့်ဟိန္ဒီ(အများစု)ဝေါဟာရများကို မြန်မာအက္ခရာဖြင့်ပြထားပါသည်။
ထိုသို့မြန်မာအက္ခရာဖြင့် ပြသောကြောင့် အားနည်းချက်ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု ထင်မြင်ပါသည်။ 
ကျွန်တော်၏အမြင်မှာ သက္ကတ နှင့် ဟိန္ဒီဝေါဟာရများကို မူရင်းအက္ခရာဖြစ်သော ဒေ၀နာဂရီအက္ခရာဖြင့် ပြ သင့်သည်ဟု ယူဆပါသည်။ ထို့သို့ မဖြစ်နိုင်လျှင် အခြားသောတရုတ်ဝေါဟာရစသည်တို့ကဲ့သို့ပင် ရိုမန် အက္ခရာဖြင့် ပြသင့်ပါသည်။ သက္ကတနှင့်ဟိန္ဒီဝေါဟာရများ၌လည်း မြန်မာ၌ကဲ့သို့အရေးနှင့် အဖတ် ကွဲပြား သောအရာဌာန များစွာ ရှိပါသည်။ သို့ဖြစ်၍ ထိုအက္ခရာများကို မြန်မာအက္ခရာဖြင့် ဖလှယ်လိုက်သည့်အခါ အားနည်းချက်များ ပေါ်ပေါက်လာခဲ့ပါသည်။
အားနည်းချက်များမှာ…
 ၁၊ သတ်ပုံမှားခြင်း။    ၂၊ မူလအဓိပ္ပါယ်နှင့် လွဲချော်နေခြင်း။    ၃၊ မည့်သည့်ဝေါဟာရကို ပြထားမှန်း မသိရ ခြင်း။    ၄၊ ကုလားအသုံးအနှုန်းမှန်သမျှကို ဟိန္ဒီဝေါဟာရဟု ညွှန်ပြသည်ဟု သံသယ၀င်မိခြင်း။-တို့ ဖြစ်ပါ သည်။ ပြန်လည်သုံး သပ်နိုင်ရန် ရည်ရွယ်ပါသည်။ မြန်မာစာအဖွဲ့ကြီးမှ လိုအပ်မည်ဆိုပါက အသေးစိတ် တင်ပြနိုင်ရန် ကျွန်တော် ကြိုးစား၍ မှတ်သားစုဆောင်ထားပါမည်။
    မြန်မာစာအဖွဲ့ကြီးအနေဖြင့် နိုင်ငံအကျိုး စာပေအကျိုး ပိုမိုသယ်ပိုးနိုင်ပါစေကြောင်း မေတ္တာရည်သွန်း လောင်း လိုက်ပါသည်။

မှတ်ချက်။    ။ ဤစာကို စာတိုက်မှ ပို့သော်လည်း လိပ်စာပြောင်းသွားပြီဖြစ်၍ ပြန်ရောက်လာပါသည်။ သို့ ဖြစ်၍ စွမ်းနိုင်သူများ တဆင့် ပို့ပေးပါရန် မေတ္တာရပ်ခံပါသည်။


(၂၆)ကျပ်

 
ကလင် ကလင်…..ကလင် ကလင်….
ဟဲလို
ဆရာ…ကျွန်တော် ဖိုးဇော်ပါ
အေး…မင်း ရန်ကုန် လာဦးမယ် ဆို
လာမယ်ဆရာ…မှတ်ပုံတင် လုပ်နေလို့
အဆင်ပြေလား
ပြေတယ်ဆရာရေ…နေ့ချင်းပြီး ရလာတာ
တယ်ဟုတ်ပါလား
ကျွန်တော့ ညီမလေးက တစ်ထိုင်တည်းနဲ့ ရလာတာ ၊ ကျွန်တော်ကတော့ နှစ်ရက်ဖြစ်သွားတယ် ၊ စာရွက်စာတမ်း မစုံလို့၊

ဘယ်လောက်ကုန်သေးလဲ
တစ်ယောက် တစ်သောင်းပဲ ကျတယ်

တစ်ယောက် တစ်သောင်းက လမ်းစရိတ်ကို ပြောတာလား
မဟုတ်ဘူး၊ ရုံးမှာ ပေးရတာ၊

ဟုတ်လို့လားကွာ၊ မင်းတို့ စားတာ သောက်တာ၊ ဆိုင်ကယ်ဆီထည့်တာတွေကို ထည့်မပြောနဲ့လေကွာ၊
ဆရာကလည်း ခက်နေပြန်ပါပြီ၊ အလကားရတာ ဘာရှိလို့လဲ၊ ဟိုတလောက ဘသိန်းလုပ်တာ…ခြောက်ထောင်ပဲ ကျတယ်၊ အဲဒါက တစ်ပတ်ကြာတယ်၊ အခုဟာက တစ်ရက်တည်းနဲ့ ရတာလေ၊ တန်ပါတယ်ဗျာ၊

ဦးခင်ရီပြောတော့ (၂၆)ကျပ်ပဲ ဆို
အဲဒီခင်ရီက ကိုယ်တိုင် လုပ်ဖူးလို့လား

ဟ ကောင်ရ…ဦးခင်ရီဆိုတာ မှတ်ပုံတင်ထုတ်ပေးတဲ့ဌာန လ.ဝ.က ဝန်ကြီးကွ၊ ပြည်ထောင်စုဝန်ကြီးပဲ၊ သူပြောတာ ဘယ်လွဲပါ့မလဲ၊
ဟုတ်လား….အော်….ဟုတ်မှာပေါ့လေ….သူလုပ်ရင်တော့ (၂၆)ကျပ်နဲ့ ရနိုင်တာပေါ့…။

အေးလေ….ဘာပဲ ဖြစ်ဖြစ် ရန်ကုန်လာခဲ့ဦး….
ဟုတ်….ဟုတ်ကဲ့ပါ…။


Tuesday, June 5, 2012

တောင်ကုတ်မြို့ကို ပူဇော်ပါ၏

   
အချင်းချင်း ကလဲ့စားချေမှုသည် လူသားမဆန်သဖြင့် စက်ဆုပ်ဖွယ်စ်ြသည်။ ခရီးသွားမွတ်စလင်ကုလား (၁၀)ဦး အသတ်ခံရသဖြင့် စိတ်မကောင်းပါ၊ မွတ်စလင်ဖြစ်၍ အသတ်ခံရခြင်းဖြစ်သည်။ တကယ်တော့ ဤကိစ္စသည် ကလဲ့စားချေခြင်း မဟုတ်၊ ဒေါသပေါက်ကွဲခြင်းသာဖြစ်သည်၊ မွတ်စလင်(၁၀၀၀)သေရမည့် ကိစ္စဖြစ်သည်။
    ဖြစ်စဉ်ကို သုံးသပ်ကြည့်ပါက မသီတာထွေးကိစ္စသည် သာမန်လုယက်မှု သာမန်မုဒိမ်းမှု သာမန်လူသတ်မှု မဟုတ်ချေ၊ ရခိုင်ဒေသခံများ၏ ဘဝအာမခံချက်ကို အကဲစမ်းသောလုပ်ရပ်ဖြစ်သည်၊ ဒီထက်ကြီးကျယ် အောင် ပြောရလျှင် အချုပ်အခြာအာဏာကိုထိပါးသောကိစ္စဖြစ်သည်။ တရားခံ(၃)ဦးသည် အကယ်၍ လွတ် မြောက်သွားပါက သူရဲကောင်းအဖြစ် ဂုဏ်ပြုခံရနိုင်သည့် အနေအထားရှိသည်။ ဤပေါက်ကွဲမှုတွင် တောင် ကုတ်မြို့သားများ၏ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်တတ်မှုနှင့် ဒေါသကို ထိန်းချုပ်နိုင်မှုအား ပုထုဇဉ် တစ် ယောက်အနေဖြင့် ချီးကျူးမိပါသည်၊ ကိုနောသာဆိုလျှင် ဒီထက် ပိုမိုပေါက်ကွဲပြမိပေမည်။
    နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ရှေ့ရှု၍ တရားခံ(၃)ဦးကို လူမြင်ကွင်းတွင် ကွပ်မျက်သင့်ပေသည်။ သို့မှသာ ရခိုင်လူထု စိတ်ကျေနပ်၍ တစ်ပြည်နယ်လုံး အေးချမ်းပေလိမ့်မည်။

ရှင်သန်ခွင့်

ငါ ရောက်လာတာ ငိုဖို့မဟုတ်ဘူး…၊
အရိပ်ရမှ သိပ်လှတယ်ထင်ရင်
လည်ကိုသာ လှီးကြတော့
ငါ့သွေးက ရွှေမဖြစ်တောင်
ရေထက်တော့သာတယ်….။
တစ်ကိုယ်လုံး ခုတ်လှီး,
သွေးချောင်းစီးလည်း ကျေနပ်တယ်…။

`အလို….
သူတို့တစ်တွေ
ကြော့ရှင်းလို့ပါလား...၊´
ငါ့မှာတော့...
မှန်မကြည့်ရဲတာ ကြာပေါ့…။´


သွေးတွေလည်း ပေးရဲတယ်...၊
ခန္ဓာနဲ့လည်း ရင်းရဲတယ်.....၊
ကမ္ဘာမြေနဲ့ မိတ်ဆွေဖြစ်ခဲ့ပြီးတာတောင်မှ
ရှင်သန်ခွင့်ထက် ပို မမျှော်ဘူး….။

Monday, June 4, 2012

ပါချန်မြစ်



ဟိုဘက်ကမ်းမှာ အရောင်တွေ လင်းလက်
ဒီဘက်ကမ်းမှာ အမှောင်တွေ တွင်းနက်....၊
ဟိုဘက်ခြမ်းက စိမ်းရောင်ဝေ
ဒီဘက်ခြမ်းက ထိပ်ပြောင်နေ...၊
ငါက နယ်ခြား မျဉ်းကောက်တစ်ကြောင်းပေါ့...။

ငါ့ကျောပေါ် ဘဝတွေ ပြောင်လက်
တချို့က မှောင်နက်လို့လေ....၊
အခုလည်း ကြည့်ပေါ့....
ဇာတ်ညွှန်းအသစ်နဲ့ ဇာတ်ထုပ်အဟောင်း
ကလို့မှ မပြီးနိုင်ကြ....။

ငါ့ရင်ခွင်ထက်
ဘဝတွေက လှိုင်းတွေဖြစ်
လှိုင်းတွေက ကျားတွေဖြစ်
တောတွေက လမ်းဖြစ်
လမ်းက ကမ္ဘာဖြစ်
ဖြစ်ချင်ရာ ဖြစ်ကြတော့လေ
နင်တို့ မလွတ်မြောက်သေးသရွေ့
ငါမသေဘူး...
လှဲလိုက်ဦးမယ်…….အေးဆေး....။ 

(ပါချန်မြစ်ဟူသည် ထိုင်းနိုင်ငံ ရနောင်းမြို့နှင့် မြန်မာနိုင်ငံ
ကော့သောင်းမြို့တို့ကို ခွဲခြားထားသော နယ်ခြားမြစ် ဖြစ်သည်။)