Wednesday, September 11, 2013

ငါတို့ နှစ်ဦး



 
ငါတို့နှစ်ဦး
ည ညဆို
ထထကြွကြွ
တခုပ်တရ
လယ်ထဲ ရေသွယ်ခဲ့ကြတယ်
ငါနဲ့ အဖေနဲ့…။

အဖေက ငါ့ကို ရေသွင်း သင်ပေးတယ်
သင်ပေးတယ်လေ အားလုံး
သူတတ်သမျှ ပုံအောပြီးပေါ့…။

အစုံအလင် သင်ယူပြီး
ငါ ထွက်ခွာသွား
အဖေရောပဲလေ
မနေကြဘူး…။

ကာလရှည် ငိုချင်းတွေ ပိုကဲ
ငါတို့လည်း မျက်ရည်စိုရွှဲ…..
“ရေတွေ ရောက်လာတော့
ထွန်ယက် စိုက်ပျိုးနေတာ ဘယ်သူလဲ….။” တဲ့….။


ကိုနော
၁၈. ၀၈. ၂၀၁၃ ။


No comments:

Post a Comment