Sunday, September 8, 2013

ပန်း မခူးရ

ဖူးပွင့် ဝေဆာ
ပန်းမာလာကို
မြင်ရရုံသာ
ကျေနပ်ပါတော့........။

တကယ်လို့......
ရနံ့ အေးအေး
ကြူ ကြူ မွှေးဖို့
တမ်းတ ရင်မှာ
လိုချင်ပါမူ
ပင်မှ ကြွေလျ
မြေမှာ ခသား
ပန်းကြွေများသာ
ကောက်သွားပါလေ...
မိတ်ဆွေ.....
ကျေနပ်နိုင်ပါစေ........။

ကိုနော
၉. ၉. ၂၀၁၃


No comments:

Post a Comment