Sunday, September 29, 2013

ရှေး မြန်မာများလည်း ကုလား ရိုက်ခဲ့ကြသည်

မြန်မာနှင့် ဂေါ်ရင်ဂျီ ရိုက်ပွဲ အထိမ်းအမှတ် ရှစ်ဆယ်ပေါ် တေးထပ်


ဒွိ နှင့် နဝါ - ဒွါ ဧက ၊ ခါနွေသမယ - ကဆုန်ချိန် ။
ရတနာနွေလ - ပုဏ္ဏမိန်မှာ ၊ မှုန်တမှိန်မှိန် ကွယ်လုဆဲ ။
ဆယ့်လေးရက်နေ့ - နံနက် အကြုံတွင် ၊ ရန်စက်သူပုန် - မြို့လုံး ဆူလို့သဲ ။
(၁၂၉၂ ခု ၊ ကဆုန်လဆုတ် ၁၄ - ရက် / ၁၉၃၀ ခု ၊ မေလ ၂၅ - ရက် ၊ တနင်္ဂနွေနေ့)

မြန်မာများနှင့် ကုလားပြိုင်တယ် - တအားမြိုင်မြိုင် ထွက်ခွါကြဲ ။
ဓားတကိုင်ကိုင် လက်မှာ စွဲလို့ ၊ သက်ခန္ဓာအစဲ ခုတ်ပိုင်းချွေ ။
ဂေါ်ရင်ဂျီတွေ သောင်းထောင်မက ၊ အလောင်းကောင် ဗလပွ ရှုပ်ရှက်ခပ်ခါပွေ ။
သုံးရက်တိတိ အခင်းထွေတယ် - ခပင်းဗိုလ်ခြေ အသွား အလာ ကြပ်လို့ ။
စားအစာငတ် မကြုံတောင်း ကြုံခဲ့ပြန် ။
ဘုံပေါင်းဆုံတဲ့ ကံ ။
တိတ်ထူး နိမိတ်ထူး ပြလပ်ဖန်တယ် ၊ တ, ရ, သတ္ထန် ကပ်ဆိုးပေပေါ့လေး ။ 
မြင်ရသူတိုင်း ရင်သပ်ခါငယ် ၊ ဘဝင်ဓာတ်မှာ ကြောက်သွေးဖြာလို့လေး….။  

(၁၉၃၄ ခု ၊ ဇူလိုင်လထုတ် ၊ ကျိုက်လတ် ဆရာချစ်-၏ ကဗျသိင်္ဂီကျမ်း နှာ - ၄၅-မှ
မြန်မာနှင့် ဂေါ်ရင်ဂျီ ရိုက်ပွဲ အထိမ်းအမှတ် ရှစ်ဆယ်ပေါ် တေးထပ်)

ဘာရယ်မဟုတ်, ရှားပါးတယ်ထင်၍ ကူးယူဖော်ပြလိုက်သည်။
ကိုနော


No comments:

Post a Comment