Thursday, December 26, 2013

ထိုင်း


ထိုင်းခရီး
ဒုန်းစိုင်းပြီး သွားသင့်တာ ကြာပေါ့...
သို့သော်လည်း
မြန်စေကြောင်း ဆေးကောင်း မရှိ
ငုံးတိတိနှင့် ငေးငိုင်
အပြီးအပိုင် လက်လျှော့ခဲ့....။

အခုတော့
ချစ်တဲ့သူကို အသာထား
သင့်မဲ့လူကို မှီကာသွားမယ်ဗျ
ဘန်ကောက်ကို ဂျောင်း....။

(ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်နေသည့် နဘုလယ်ဒေသ၌ ငွေ ကို မြန် ဟု ခေါ်ကြသည်။)

(၂၈. ၁၂. ၂၀၁၃ နေ့ မနက် ၉ နာရီတွင် ရောက်မည်၊ ငွေမရှိပေမဲ့ အဆွေကြည့်လို့ ရောက်ရဦးမည်။
မိတ်ဆွေအပေါင်း ရှောင်ရှားနေကြပါရန် ကြိုတင် အသိပေးအပ်ပါကြောင်း)

ကိုနော
၂၇. ၁၂. ၂၀၁၃ ။





No comments:

Post a Comment