Friday, December 13, 2013
ထားဝယ် -၂
"မင်္ဂလာပါရှင်...ငွေငန်းဖြူ မော်တော်ယာဉ်ဟာ
ကားမယ်လေးအသံ နားဝင်ပီယံ ချိုအေး....၊
ထိုင်ခုံလှလှ အေးမြမြနဲ့ အထူးကားမို့  အထူးဈေးပေါ့ဗျာ....။
စိမ်းလဲ့တင် သိုက်မြုံ ကျိုက်ထိုမှာ ခဏနား
တစ်ညစာ အ၀စားကြ.....၊
ကားမယ်လေး နှိုးဆော် ကားပေါ် အကုန်တက်ကြ
လူစုံလို့  ဒုန်းစိုင်း ၀ုန်းဝုန်းဒိုင်းဒိုင်းတော့ မရှိပါဘူး....၊
ဝုန်းဒိုင်းကြဲခေတ်ကုန် ဖြစ်ပုံလေ အခြေပြောင်း
စစ်ဗိုလ်တွေ ငွေမတောင်းတော့ပါ....။
သံလွင်တံတားလည်း မသိရှိ
ရေးလမ်းကိုလည်း မကြည့်မိ
မလွှဲတောင်လည်း ပိပိပြားနေသမို့ 
ကလိန်အောင်ဆိုတာ အနီးလေးပါလားဗျာ.....။
မိုင်လေးဆယ် ဆက်သွား
တစ်ချက်လေးတောင် မရပ်နား
မိုးတွင်းအခါ အင်းလေးဝေဒနာ
ဗိုလ်မြတ်ကိုလည်း မကယ်နိုင်ပါ
အေးလေ....သူ့ အိမ်မှ မနစ်သေးတာ.....။
အဲဒီမှာ.....
အစားကြီးတဲ့ (၂၄)နာရီ မီးရှိတယ်
မပီတပီ တနင်္သာရီ ဂျာနယ်ရှိတယ်
အချင်းမပွား မင်းကြီးများ လွှတ်တော်ရှိတယ်
သခင်မှီခိုစားတဲ့ အင်ဂျီအိုများလည်း ရှိတယ်
မြန်မာ့ရိုးရာ နှစ်လုံး သုံးလုံး ကစားနည်းရှိတယ်
မြို့ ပြအမှတ်အသား သစ်ဆန်းတဲ့ အချစ်ခန်းများလည်းရှိတယ်
ဖြေဖျော်မစဲ ထူးတရားပွဲတွေ ရှိတယ်
ပသီကုလား လည်ပုံ သတိ.....ဗလီအများ နယ်စုံရှိတယ်
ခါတော်မီ နိုးကြား ၉၆၉ လည်း တိုးပွားတယ်
ရိုးဖြောင့်မမှား မျိုးစောင့်တရားလည်း လင်းလက်တယ်
စံပြအထူး ဓမ္မစကူး(လ်)လည်း စီးဆင်းတယ်
အမျိုးမစစ် သူခိုးချစ်တဲ့ ပါတီရှိတယ်
သူငါတတွတ်တွတ် ဖေ့(စ်)ဘွတ်လည်း လန်းတယ်.....။
အဲသလို ထားဝယ်ပျို
မောင်းမကန်က တစစမျို....။
အဲဒီမှာ.....
ငါ့အမေ ငါ့အဆွေ
ငါတို့ တစ်တွေ ယက်ကန်ယက်ကန်နဲ့ 
ပက်လက်လန်ပေါ့ဗျာ.....။
ရဟယ်ရှင်.....ရဟယ်ရှင်.....။
ကိုနော
၂၉. ၀၉. ၂၀၁၃။
No comments:
Post a Comment