ဘေးမဲ့ကန်တစ်ဝိုက်
လွှတ်သူ ဖမ်းသူတချို့သာ ဘေးကင်းနေကြတာပါ့….၊
ငါးကလေးတွေမတော့ မြန်မာဆန်ဆန် တိုင်ပတ်လို့။
လွှတ်ပွဲကြီးတွေထဲမှာ ဒီပွဲက အတော်ဆုံးဗျ
အရွယ်အစားစုံလင်
အမျိုးကလည်း တပုံတပင်ပါလေ
တစ်ထောင်တန်လည်းပါရဲ့
သုံးကောင်တစ်ထောင်လည်းပါရဲ့
ကုန်သလောက်ရှိနေချိန် နောက်ထပ်လွှတ်ဖို့ ဘယ်ကရမလဲ
ထပ်လွှတ်နိုင်ဖို့ ထပ်ရှာရဦးမပေါ့
သူကြီးနုနု လုပ်ပြစရာ မယ်မယ်ရရမရှိလေတော့…..။
ခွက်နဲ့ ကန် သံသရာ
ကန်မှာပျော်ရင် မတန်တာ မအော်ကြနဲ့…။
မာန်ပါပါ လုပ်လာကြရင်
ကုန်သလောက်ရှိနေချိန် နောက်ထပ်လွှတ်ဖို့ ဘယ်ကရမလဲ
ထပ်လွှတ်နိုင်ဖို့ ထပ်ရှာရဦးမပေါ့
သူကြီးနုနု လုပ်ပြစရာ မယ်မယ်ရရမရှိလေတော့…..။
ခွက်နဲ့ ကန် သံသရာ
ကန်မှာပျော်ရင် မတန်တာ မအော်ကြနဲ့…။
မာန်ပါပါ လုပ်လာကြရင်
အလွှတ်တော်ပေမဲ့
ဇွတ်ဆော်ဖို့ မနှေးတဲ့ သူကြီးပါခင်ဗျာ့…။
No comments:
Post a Comment