Thursday, January 19, 2012

တရားပြဆရာ ဗိုလ်ခင်ညွန့်


လှုပ်ရှားသမျှ ချုပ်ထားကြဟေ့
ကျား မ ပု ရှည် မရွေးလေနဲ့

                               ပုံ--- ခင်ညွန့်

အဲဒီခေတ်ကပေါ့---
နေရာတိုင်းမှာ ငါ့မျက်နှာ
ငါလို ယောင်္ကျား ရှာမှ ရှားသား
နှိုင်းတု မပေါ် ငါ လူဇော်တည့်
ပြိုင်စံကင်းရှား ငါ့မယားတည့်
လာဘ်လာဘကား မဟားတရားအပြည့်...၊
မာန်ပါပါ လျှောက်ဆဲ
ကံဇာတာ ပေါက်ပြဲပြီး
ဟန်မပါ မှောက်လဲခဲ့
အမှန်မကြာ အကျိုးပေးပြီထင့်....၊
ဝုန်းဆို နောက်ကျောကို ဓားနဲ့ထိုး
သူခိုးလို့လည်း အော်သေး...။
ငါ့ကို ပင့်ထမ်းသူတွေက
ဘ၀ကို အချစ်စမ်းနေကြပါလား
အခုလည်း ကြည့်လေ...
ငါ ချုပ်ဖူးတဲ့ လူတစ်အုပ်
ငါနဲ့ အတူ ထုတ်လို့
ငါ့မျက်နှာ ဘယ်သွားထားရပါ့...။
ရှိစေတော့...ရှိစေတော့လေ...
ရင်ထဲက အဖုအထစ်
ထုဆစ်ပြီး မပြောလို...၊
ဘုရားတရားလိုလို မယားစကားတိုတိုနဲ့ ဖြေသိမ့်ရင်း
သင်းတို့အတွက်
အဖျင်းမများတဲ့ သတင်းစကား
ပါးလိုက်ပါတယ်
ဘောက်ပြောတာ မဟုတ်ဘူး
နောက်ကျောကို လုံအောင်လုပ်ကြ
ငါလို မှောက်မျော မသွားရအောင်ပေါ့....နော......။


No comments:

Post a Comment