Thursday, August 8, 2013

အိပ်ပျော်နေလား မောင်သန်းဆွေ



ဒီမိုကရေစီ ခေတ်ရူး
အသစ်အထူးမို့ ယုယ
အနုအရွ အခင်းအကျင်း
တို့ရွာသားတွေ လင်းလင်းထင်းထင်းပေါ့…..၊

ရည်စားဦးအနမ်း
ဖလမ်းဖလမ်း ရင်တုန်
ဘယ်ခုံမှာ ပြောင်းထိုင်ရပါ့….၊

ဘာပါတီ ညာပါတီ
တောင်ကော်မတီ မြောက်ကော်မတီ
တောင်တောင်ဤဤ ကြံဆ
နှစ်ယောက်ရ တစ်တီထောင်
တီကောင်တွေ လန်းလွန်းတဲ့ခေတ်ဗျ…..။
ကဒူး ကချင် ကရင် ကယား
အများသူငါ ပါတီထောင်
ထားဝယ်တွေလည်း တီကောင်ဖြစ်သင့်ပေါ့……။

“ထားဝယ်တိုင်းရင်းသားများပါတီ”
လာချေပြီ ခန့်ငြား
အမတ်များတော့ ဖြစ်လိုက်ချင်သေး…..။
ကိုယ့်ကိုယ်ကို ပြန်စစ်
တိုင်ရင်းသား ဖြစ် မဖြစ်
မှတ်ပုံတင်အသစ် တဖန်ပြန်ရေးခြစ်ရဦးမယ်နော်……၊

ထားဝယ်ဆိုတာ ဗမာလား
ဘာလား ညာလား မဝေဝါးရအောင်
အချင်းမများစေဘဲ အဖြေပေး….
မောင်သန်းဆွေ ရေ…..
ထားဝယ်လို ရေးပြီး
တင်သွင်းစေဗျား…….။

ကိုနော
24. 07. 2013


No comments:

Post a Comment