Thursday, August 29, 2013

စုသဘော

ကမ္ဘာတစ်ဝန်း ရုန်းရုန်းကြွကြွ
အုန်းအုန်းထလို့ တိုက်ပွဲဆင်
ကျား မ အခွင့်အရေး တန်းတူပေးလော့…။

အရမ်းပူမနေနဲ့
တန်းတူမက ကြိုက်သလောက်ယူ
“အိမ်တွင်းမှုလုပ် ၊ သိမ်းထုပ်သေချာ”
ရှေးစကားပါ မိန်းမရာ…..။

“ယောင်္ကျားရေ….
ရှိသမျှ စုပေါင်း တစ်ခုကောင်းပဲ လုပ်ကြမယ်
တို့ဆိုင်လေးကို အပြတ်ကိုင် ခပ်မြိုင်မြိုင်လေး တင်ကြစို့…..”
စုသဘောလေ….စုသဘော…..။

“ယောင်္ကျားရေ…..
ရှိတာ ထုခွဲ အခုပဲ ယိုးဒယားထွက်ပြီး
အဖိုးနည်းပါး အကျိုးလည်းများမယ့်
ပစ္စည်းလေးတွေ ရှာဦးမယ်
သားအဖနှစ်ယောက် တစ်လလောက်တော့
သည်းခံကြပေါ့”
စုသဘောလေ….စုသဘော…..။

“ယောင်္ကျားရေ…….
ဒီဇိုင်းစုံစုံ ဈေးလည်းချိုတဲ့
စိနသမုတ် ပြည်တရုတ်ဘက် လှည့်ဦးမယ်
ရွှင်ရွှင်မြူးမြူး နှစ်ဦးသားဖ နေကြဦးပေါ့
တစ်ပတ်ဆယ်ရက် အခြေမပျက်လောက်ပါဘူး နော်….”
စုသဘောလေ….စုသဘော…..။

“ယောင်္ကျားရေ…..
x x x x x x x x x x x x x ”
စုသဘောလေ….စုသဘော…..။

“ယောင်္ကျားရေ…..
x x x x x x x x x x x x x ”
စုသဘောလေ….စုသဘော…..။


“မိန်းမရေ…….
အငယ်ကောင်လေးက
ဖြူဖြူထွားထွား တစ်မူခြားလို့
ငါနဲ့လည်း မတူပါလားကွယ်”

“ရှင်ကလည်း နောက်တီးနောက်တောက်
ရောတိရောရာ ရှင်လည်း ပါပေမပေါ့….တော်”
အော်…အော်…စုသဘောလေ….စုသဘော…..။
စုသဘောလေ….စုသဘော…..။

ကိုနော
၂၃. ၀၈. ၂၀၁၃ ။


No comments:

Post a Comment