Monday, August 19, 2013

ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားမည်ဆိုလျှင်


ဗုဒ္ဓဂယာ မြေမြတ်မဟာသည် ဗုဒ္ဓဘာသာဝင်တိုင်း သွားရောက်ဖူးမျှော်သင့်သော နေရာမြတ်ဖြစ်သည်။
မြန်မာပြည်ရှိ ကုမ္ပဏီတစ်ရာကျော်တို့က ပို့ဆောင်ပေးလျက် ရှိသည်။
ရွှေလက်မှတ်ကုမ္ပဏီသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။
ခရီးသည်များအနေဖြင့် ရွှေလက်မှတ်ကို ဦးစားပေး ရွေးခြယ်သင့်ပါသည်။ 
အကြောင်းရင်းမှာ ကိုနော ကိုယ်တိုင် ဦးစီးပို့ဆောင်ပေးမည်ဖြစ်သောကြောင့်တည်း။( ဟိ..ဟိ..ဟိ)


ကုသိနာရုံ

ဒိန္နရဲ့ အလှူ
မထုရာမှော်အစွမ်း
သူမတူ အံ့မခန်းပါပဲ…
မြောက်ဘက်လျောင်း တစောင်းဟန်
အဲဒါ ပရိနိဗ္ဗာန်ပေါ့….။

ဖွား ပွင့် ဟော စံ ၊ လေးတန်ရုပ်ပွား
အချိန်က စားတော့ အဟောင်းပေါ့ဗျာ.....
ရှေးဟောင်းကျလေ ဈေးကောင်းရလေမို့
စုတ်စုတ် ကွဲကွဲ ပြဲပြဲ ပုပ်ပုပ်
လူလုပ်ထားသမျှ အတူထုတ်ပြသွားရမှာပေါ့….နော…။

`ဇာတိကိုဆန်
အသက်ကြီးပြန်
ခရီးဒဏ် ပန်းတာကြောင့်
အင်းကြင်းကိုရှာ
မီရာကို အဖေါ်ပြုမိတယ်ကွယ့်
မင်းတို့ တောရွာ´တဲ့
ဗုဒ္ဓမိန့်မှာ ဟောဒီမြို့ရဲ့ စာမျက်နှာပေါ့ ။

ဖြူနီပြာ လူသား
အပါယ်မသွားဖို့ ရွယ်ရည်
အချိန်မီ ဖူးကြပါသတဲ့....
အပါယ်ပိတ်ကြောင်း ဆုတောင်းရင်
တကယ်စိတ်ကောင်း စုဆောင်းစေချင်တယ်…..။

ကိုယ်လည်း လူသား
အပူတားဖို့ ရည်မျှော်
ပူဇော်လို့ အားထား
ဟန်ပါပါ ကန့်တော့ချိုးဖြင့်
ဩကာသပြီး သကာလ
ဟယ်….သူငယ်ချင်း ရေ...
နေမမြင့်မီ
လုမ္ဗနီ(လုမ္ဗိနီ)သွားကြဦးစို့ကွယ်…..၊
တရားထူး မတွေ့ကြသရွေ့
ဘုရားဖူးဓလေ့ ထွန်းကားနေဦးမှာပါ့လေ…..။

ကိုနော




1 comment:

  1. ဗုံးကွဲလို့ ဘုရားဖူးခရီးစဉ်တွေ ရောင်းမကောင်းဘူးတဲ့ ... :D

    ReplyDelete