သူ မရှိလို့ မဖြစ်ဘူး…
အကြင်နာ မေတ္တာ သိုမှီးရာ….၊
ငါ့တို့ အချစ်တွေ ရှင်သန်
မျိုးဆက် ထင်ကျန်ပြီး
လူမမယ်တွေ စိုပြေ
အိုနေသူတွေ ပျိုစေဖို့
သူက အခရာ…။
သူ ရှိလို့ မဖြစ်ဘူး….
လောဘသားတို့ ဆုံစည်းရာ….၊
တစ်လုံးလား? နှစ်လုံးလား?
သုံးလုံးလေလား? မစဉ်းစားနဲ့….၊
ဘယ်အလုံးမှ ဟန်မကျ….
ငွေပြောင်သူ ပြောင်…. အိမ်ပေါင်သူ ပေါင်
ရွာပြောင်းသူ ပြောင်း…. ကိုယ်ရောင်းသူ ရောင်း
သူက တကယ်မကောင်း….၊
(အညွှန်း….၁၊ ထီ(ပါဠိ) မိန်းမ၊ အမသတ္တဝါ၊[တိပိအဘိဓာန်]
၂၊ ထီ..အမှတ်စဉ် ရေးထိုးထားသော ကံစမ်းမဲတစ်မျိုး။[မြန်မာအဘိဓာန်]

No comments:
Post a Comment