Monday, July 2, 2012

ဦးသိန်းညွန့်ကို တိုင်လိုက်မယ်






ကိုနောတို့ အရပ်တွင် ဗန်းစကားတစ်ခု တိုးလာသည်၊  တစ်ခုခု လုပ်လိုက်ရင် ဦးသိန်းညွန့်ကို တိုင်လိုက်မယ် ဟု ပြောလေ့ရှိကြသည်၊ လူကြီး လူငယ် အားလုံးကြားမှာ ဟော့ဆုံး စကားလုံးဖြစ်နေသည်။ တစ်နေ့သ၌……

ဦးသိန်းညွန့်ဆိုတာ ဘယ်သူလဲ....
ဘာဖြစ်လို့လဲ သားရဲ့
သူငယ်ချင်းတွေက တစ်ခုခုလုပ်လိုက်တိုင်း ဦးသိန်းညွန့်ကို တိုင်လိုက်မယ်ချည်း ပြောနေကြလို့....
ဟုတ်လား…..မှတ်ထား သားရယ်…..ဦးသိန်းညွန့်ဆိုတာ သင်္ဃန်းကျွန်း လွှတ်တော်အမတ်လေ
လွှတ်တော်အမတ်ဆိုတာက ဘာလဲ...
တီဗွီမှာ လာတဲ့ ခေါင်းပေါင်းနဲ့ လူကြီးတွေ တွေ့တယ် မဟုတ်လား
သိပြီ….သိပြီ….(၈)နာရီသတင်းမှာ ခေါင်းပေါင်းနဲ့ ခေါင်းညိတ်တဲ့အဖွဲ့….ဟုတ်တယ် မဟုတ်လား…
အေး….အဲဒါပဲ

ဒါဆို သမ္မတက ဘယ်သူလဲ...
သမ္မတ ဦးသိန်းစိန်လေကွာ
သမ္မတဆိုတာ လဲလို့ ရလား...
ရတာပေါ့
ဒါဆို ဖေကြီး သမ္မတ သွားလုပ်ပါလား…
ဘာလုပ်ဖို့လဲ
သမ္မတလုပ်ပြီး သားတို့ဆီ ပိုက်ဆံတွေ ပို့လိုက်ပေါ့....
သားကလဲ….ဦးသိန်းညွန့်အလှည့်တောင် မရောက်သေးဘူး….ဦးသိန်းညွန့်တောင် အော်တုန်း…..ဖေကြီးတို့ အလှည့်က အဝေးကြီးရယ်…..စိတ်မပူနဲ့ ဖေကြီးအလှည့် ရောက်ရင်တော့ ပိုက်ဆံတွေ ပို့ပေးလိုက်မှာပေါ့…  ဒါနဲ့ သားလည်း လေ့ကျင့်ထား….လွှတ်တော်အမတ် လုပ်ရအောင်                                  
ဘာတွေ လေ့ကျင့်ထားရမလဲ....                                     
အခုတော့ ခေါင်းညိတ်တာပဲ စလေ့ကျင့်ထား….ကြားလား                 
ယောင်္ကျားရယ်….ကလေးကို ဘာတွေ လျှောက်ပြောနေတာလဲ…..ဦးသိန်းညွန့်ကို တိုင်လိုက်မယ်နော်….။

No comments:

Post a Comment