ဘယ်သူနဲ့ တွေ့ချင်လို့လဲ….
ဘယ်သူနဲ့ ဖြစ်ဖြစ်ရတယ်….စာမူတင်ချင်လို့ဘာစာအုပ်လဲ…..
ဘာသာရေးပါ
ဒါဆို…..ဦးညွန့်ဝင်းနဲ့ တွေ့ပါ….
ဟုတ်
မှတ်ပုံတင်ပြပါ….
ရော့
ဒီမှာ လက်မှတ် ထိုးပါ….ဒီ ကတ်လေးယူသွားပါ….
ဒီက ဦးညွန့်ဝင်းထင်တယ်
ဟုတ်တယ် ဘာကိစ္စလဲ….
စာမူတင်ချင်လို့
ရော့…... ဒီစာရွက်ကို ကြည့်ပြီး လိုအပ်တာ လုပ်ခဲ့ပါ….. အပေါ်ဆုံးသုံးချက်ကိုတော့ ဒီမှာ ရနိုင်တယ်… သုံးထောင်ကျမယ်…..
ဟုတ်….ဟုတ်ကဲ့ပါ
× × × × × × × × × × × ×
စာမူ(၄)မူနှင့် စာရွက်စာတမ်းကိုင်၍ ငရဲခန်းသို့ ချီတက်လာသည်၊ ရုံးရှေ့က သစ်ပင်အောက်ရှိ ပွဲစားဟုထင် ရသော သူ များထံ ချဉ်းကပ် စနည်းနာလိုက်သည်။
စာမူတင်ချင်လို့ အစ်ကိုရေ
ဘာစာမူလဲ
ဘာသာရေးပါ
လေးမူပါလား
ပါတယ်….ဟိုလေ ဇွန်လကစပြီး စီစစ်ရေးက အလုပ်မလုပ်တော့ဘူး….မှတ်ပုံတင်တာပဲ လုပ်တော့မယ်ဆို
သတင်းတွေတော့ ထွက်နေတာပဲ…ရုံးမှာ ညွှန်ကြားချက် မရှိသေးဘူး…..ဒါနဲ့ ညီလေးက အစ်ကိုတို့ကို အပ် မှာလား….
သာသနာရေးကကော
အစ်ကိုတို့ သွားမယ်….
မျက်နှာဖုံးကကော
စာမူကျပြီးမှ တင်ရမယ်….အစ်ကိုတို့ လုပ်မယ်….အခု ပေးထားခဲ့….စာမူတင်ရင်း ပြထားလို့ ရအောင်….
ဘယ်လောက်ယူလဲ အစ်ကိုတို့က
နှစ်သောင်းပဲ…..အားလုံး အဆင်ပြေအောင် လုပ်ပေးမယ်….
အစ်ကို့ နာမည်က…
အေးချိုပါ….
အစ်ကိုရေ….ကျွန်တော်လည်း အတွေ့အကြုံရအောင် ကိုယ်တိုင် လှုပ်ရှားကြည့်ဦးမယ်
ကိုယ့်ညီ သဘောပဲ….
× × × × × × × × × × × × ×
ဘာသာရေးစာမူလက်ခံသောဌာနနှင့် ဆက်သွယ်၍ ရုံးအတွင်း(၁၀)နေရာခန့် လှည့်လည်ပြသပြီး
ငွေ(၅၀၀၀)ကျော် ကုန်ပြီးသောအခါ…..
ရော့…..ဒီနှစ်မူကို ကမ္ဘာအေးသွားတင်….တစ်မူကို ဒီ ပြန်လာပို့ ရမယ်….
ကမ္ဘာအေး ပုဗ္ဗဝိဒေဟမှာလား
မသွားတတ်ရင် ဒီမှာလည်း သွားပေးတဲ့ လူတွေ ရှိတယ်….
ရတယ်…..ကိုယ်တိုင်ပဲ သွားလိုက်ပါမယ်….ဒါနဲ့ ဒီမှာ ဘယ်လောက်ကြာတတ်လဲ
မပြောတတ်ဘူး….လူကြီးတွေ ကိုယ်တိုင် စီစစ်မှာ ဆိုတော့……တစ်ခါတစ်လေ ကမ္ဘာအေးမှာလည်း ကြာ တတ်တယ်…
ဒီမှာပဲ လာစုံစမ်းရမှာလား
အင်း…..
သွားလိုက်ပါဦးမယ်
အစ်ကိုရေ….စီစစ်ရေးမှူး သိချင်ရင်တော့ နောက်နေ့ လာခဲ့….
အင်
No comments:
Post a Comment