`အိပ်မက်ပဲ အမေရယ်
အိပ်ရင်တော့ မက်မှာပေါ့´တဲ့
မအိရဲ့ ကဗျာတစ်စ , ရင်ဝမှာ ထိရှခဲ့…။
ခက်တာက….
ကိုယ်က ကောသလရယ်
အိပ်မက်တွေက
တောင်ရောက် မြောက်ရောက်
ကိုယ့်ကို ပြန်ပြန်ခြောက်လို့….။
အလိုက်သင့်နဲ့ အသားကျ
အားမရဘဲ အရွယ်လွန်
လွယ်လွယ်နဲ့ ခေါင်းညိတ်
နှောင်းအတိတ်တွေ ထားခဲ့တော့….။
မသေခင်စပ်ကြား
ပြတ်သားအောင် ပြောရဦးမယ်….
`ခုနစ်အိမ်ကြား ဘုရားဝတ်ပြုတတ်သူ မဟုတ်ဘူး….၊´
`ထမင်းစားချိန် အိမ်လည်တတ်သူ မဟုတ်ဘူး….၊´
`သိက္ခာမြတ်သူ မဟုတ်ဘူး…၊´
`လိပ်ပြာမသန့်သူလည်း မဟုတ်ဘူး…၊´
`ကဗျာမဆန်သူ မဟုတ်ဘူး….၊´
`ကဗျာဆရာလည်း မဟုတ်ဘူး….၊´
`အဆိုကျော် မဟုတ်ဘူး…၊´
`တေးသွားလည်း မဟုတ်ဘူး….၊´
`သာမညဆရာတော် မဟုတ်ဘူး….၊´
`ဘင်လာဒင်လည်း မဟုတ်ဘူး….၊´
`မင်းသိင်္ခ မဟုတ်ဘူး….၊´
`ဖြူးဆရာတော်လည်း မဟုတ်ဘူး….၊´
`ငါ ဘာမှမဟုတ်ဘူး….၊´
`ငါ ဘာမှမဟုတ်ဘူးဆိုတာလည်း မဟုတ်ဘူး….၊´ ။
အိပ်ရင်တော့ မက်မှာပေါ့´တဲ့
မအိရဲ့ ကဗျာတစ်စ , ရင်ဝမှာ ထိရှခဲ့…။
ခက်တာက….
ကိုယ်က ကောသလရယ်
အိပ်မက်တွေက
တောင်ရောက် မြောက်ရောက်
ကိုယ့်ကို ပြန်ပြန်ခြောက်လို့….။
အလိုက်သင့်နဲ့ အသားကျ
အားမရဘဲ အရွယ်လွန်
လွယ်လွယ်နဲ့ ခေါင်းညိတ်
နှောင်းအတိတ်တွေ ထားခဲ့တော့….။
မသေခင်စပ်ကြား
ပြတ်သားအောင် ပြောရဦးမယ်….
`ခုနစ်အိမ်ကြား ဘုရားဝတ်ပြုတတ်သူ မဟုတ်ဘူး….၊´
`ထမင်းစားချိန် အိမ်လည်တတ်သူ မဟုတ်ဘူး….၊´
`သိက္ခာမြတ်သူ မဟုတ်ဘူး…၊´
`လိပ်ပြာမသန့်သူလည်း မဟုတ်ဘူး…၊´
`ကဗျာမဆန်သူ မဟုတ်ဘူး….၊´
`ကဗျာဆရာလည်း မဟုတ်ဘူး….၊´
`အဆိုကျော် မဟုတ်ဘူး…၊´
`တေးသွားလည်း မဟုတ်ဘူး….၊´
`သာမညဆရာတော် မဟုတ်ဘူး….၊´
`ဘင်လာဒင်လည်း မဟုတ်ဘူး….၊´
`မင်းသိင်္ခ မဟုတ်ဘူး….၊´
`ဖြူးဆရာတော်လည်း မဟုတ်ဘူး….၊´
`ငါ ဘာမှမဟုတ်ဘူး….၊´
`ငါ ဘာမှမဟုတ်ဘူးဆိုတာလည်း မဟုတ်ဘူး….၊´ ။
No comments:
Post a Comment