Sunday, July 15, 2012

ဇွတ်ကိုကို

စားဖို့ ရုန်းနေရသည်မို့ အချိန်နှင့် တပြေးညီ မသိရလိုက်ရတာတွေက များသား။
ဟိုတလောက လှုပ်ခတ်သွားသော လွတ်လပ်ခြင်း အနုပညာပွဲတော်မှ ဆုရဇာတ်ကားနှစ်ကားကို အခုမှ ကြည့်ဖြစ်ကြသည်။ အဲဒီအခန်းဖြတ်နှင့် ကြိုး ဖြစ်သည်။
ကြိုး ကတော့ အတော်ကောင်းတယ်ဗျာ….ဆုရတာ တန်တယ်….ဆုပေးတဲ့ သူလည်း ဂုဏ်ရှိတယ်     
မကြိုက်ပါဘူးတော်…..ဘာမှလည်း မပြောဘူး….နားမလည်ဘူး….အဲဒီအခန်းဖြတ်ကမှ မိုက်တာ….. ဘွင်းဘွင်းကြီး ပြောချသွားတာ…..ဒဲ့ပဲ…..သတ္တိကောင်းလိုက်တာနော်…. ရင်ထဲရှိတဲ့အတိုင်းပဲ….. ခံစားနေကြရတာကိုး….
အနုပညာမှ မမြောက်တာ….ဆုနဲ့တော့ ဘယ်တန်မလဲ မိန်းမရာ                            
တန်လို့ ရတာပေါ့….ရုပ်ရှင်လောကသားတွေ ကိုယ်စား အန်တာ ဟဲ့…..
ကိုယ့်အမြင်ကတော့ တင်သန်းဦးရိုက်တဲ့ ပေါ်လစီကားတွေနဲ့ ဘာထူးလဲ….ဟိုဘက် ဒီဘက်ပဲ ကွာတာ မဟုတ်လား
တင်သန်းဦးက အလိုတော်ကျ ဖားတာလေ….
အခုလည်း ကြည့်….တစ်ဖက်သတ်ပဲ မဟုတ်လား…..ဘာပညာသားပါလဲ….ဆုပေးတဲ့အဖွဲ့ကို အထင်ကြီး ထားတာ…. အကယ်ဒမီပေးတဲ့အဖွဲ့နဲ့ အတူတူပဲ…..အေးလေ သူတို့လည်း ဒီရေ သောက်ကြတာပဲဟာ...  ဒီလောက်ပဲပေါ့
ဘာလဲ…..ရှင်က ဘာမို့လို့ နာနေတာလဲ……ဘယ်လောက် တတ်နေလို့လဲ….
တတ်လို့ နာလို့ မဟုတ်ပါဘူး….ထင်ထားသလို မဟုတ်လို့ ပြောနေတာ                      
ရိုက်ရဲတဲ့ သတ္တိကို ဆုပေးတာ….မှတ်ထား….
ဒါဆို….ကိုယ်တို့ ရိုက်ထားတဲ့ကားလည်း သွားပြိုင်ရင် ဆုရမှာ သေချာတယ်နော်….. ဘွင်းဘွင်းပဲ…. သတ္တိ ရှိရှိနဲ့ ဒဲ့ဒိုး တင်ပြထားတာ....ပြည်သူ့ကိုယ်စား အန်ထားတာတွေ
ဘာမို့လဲ….ဘယ်တုန်းက ရိုက်ထားတာလဲ…..လျှောက်မလုပ်နဲ့ ယောင်္ကျား ကားသွားမယ်…..                  
ဘာမှ မဟုတ်ပါဘူးကွာ…..မင်္ဂလာဦးညတုန်းက ကိုယ်တို့ ရိုက်ထားတဲ့ ဇွတ်ကိုကိုဇာတ်ကားပါ။           
နာချင်နေပြီ ယောင်္ကျား….
ဖြန်း…….အင့်

No comments:

Post a Comment